Sunday, July 17, 2011

စွန်ကလေး

ဟိုး... အမြင့်ထက်က
လွင့်တက်နေတဲ့ စွန်ကလေးရယ်..
မင်းကို မြင်စ တဒင်္ဂမှာ
ရယူပိုင်ဆိုင်လိုတဲ့ အတ္တတစ်ခုအတွက်
မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ခြင်းတွေ
ရင့်ကျက်ခဲ့ရပြီ..
သို့ပေမယ့်လေ
မင်းရဲ့ပိုင်ရှင် ကြိုးသခင်ဟာ
ကြိုးရဲ့အဆုံးစွန်သော ကောင်းကင်ပြာထဲမှာပဲ
ကျင်လည်စေခဲ့တယ်...
မင်းကို ချည်နှောင်ထားတဲ့ နှောင်ကြိုးတစ်မျှင်ကို
ပြတ်ပါစေလို့ ဆုမတောင်းရက်ပေမယ့်
မင်းကိုတော့ငါ ထာဝရမျှော်လင့်ဆဲပဲပေါ့ စွန်ကလေးရယ်....

ထိုင်း အလုပ်သမားဘဝ

ဗမာပြည်မှာ အသာတကြည်
နေခွင့်မရသ၍ ထိုင်းနိုင်ငံကို
အဟုတ်သွားပြီး အလုပ်သမား
ဘ၀နဲ့ပဲ နေရဦးမယ်ကွယ်.....

ကနောင်မင်းသား ရဲ့ ရင်တွင်းဖြစ်